သတင်းလာဖတ်လာရေ သူငယ်ချင်းမိတ်ဆွေအားလုံးကို ကျေးဇူးတင်ဟိပါရေ. Powered by Blogger.

ထိုင်းလှေလိုက်သား ဗမာ(၂)ဦး ထိုင်းပင်လယ်ပြင်တွင် အသတ်ခံရ ရခိုင်(၂)ဦး နှင့် ဗမာ(၂)ဦး Sarawak ကမ်းခြေတွင် ထွက်ပြေးလွတ်မြောက်

Sunday, 30 December 2012


(၂၃.၁၂.၂၀၁၂) ရက်နေ့ ညနေ (၄ နာရီ ၄၇ မိန်စ်) အချိန်ခန့် တွင် ဘိုသန်းဆိုသသည့် ရခိုင်အမျိုးသား တစ်ဦးက တယ်လီဖုန်းဖြင့်ဆက်သွယ်ကာ ကျွန်တော် ဘိုသန်းပါ။  ရခိုင်လူမျိုးဖြစ်ပါတယ်။ ဆာရာဝက်ပြည်နယ် (Sarawak) တန်ဂျွန်မာနစ်မြို့ နယ်အနီး၊ ဆီပူးကမ်းခြေကို ရောက်နေပါတယ်။ ကျွန်တော်တို့ ဟာ ထိုင်းနိုင်ငံ ၊ ငါးဖမ်းလှေမှာ လိုက်နေတဲ့ သူတွေဖြစ် ပါတယ်။ ကျွန်တော်လိုက်တဲ့ စက်လှေဟာ ထိုင်းနိုင်ငံမှ ပင်လယ်ပြင်သို့ ငါးဖမ်းအထွက် ထိုင်းပင်လယ်ပြင်အရောက်မှာ ပဲ့နင်းက လှေလိုက်သား(၂)ဦးကို တုတ်နဲ့ ရိုက်သတ်ပြီးတော့ ပင်လယ်ပြင်ကို ပစ်ချခဲ့ပါတယ်။ အသတ်ခံ(၂) ဦးမှာ ချင်းလေးနဲ့  ကုလားလေး(ခ) မောင်ဇော်ဖြစ်တယ်။ ယင်းထဲက (၁)ဦးရေထဲမှာ မသေနိုင်လို့ တခြားစက်လှေတစ်စီးနဲ့ လာပြီး  ပန်ကာ နဲ့ ဖိနင်းကာထပ်ပြီးတော့ အသေသတ်လိုက်တော့တယ်။ ယခုကျွန်တော်တို့ လိုက်နေတဲ့ စက်လှေက မလေးသျှားနိုင်ငံ ဆာရာဝက်ပြည်နယ် ကမ်းခြေကို ရောက်နေတုန်းမှာ ကျွန်တော်တို့ လည်း ကြောက်လန့် လာလို့ ကုန်းပေါ်ကို တက်ပြီး ထွက်ပြေးလွတ်မြောက်လာခဲံပါတယ်။ ကျွန်တော်တို့ ဟာ ရခိုင်(၂) ဦး ၊ ဗမာ(၂) ဦး ပေါင်း(၄)ဦးဖြစ်ပါတယ်။ အခုကျွန်တော်တို့ ဟာ သွားစရာနေရာမရှိ ၊ စားစရာငွေမရှိဖြစ်နေပါတယ်ဟု ARRC, MALAYSIA ရုံးသို့ အခက် အခဲ အကူအညီတောင်းလာ၍ သတင်းရရှိခဲ့ပါသည်။

ARRC MALAYSIA ရုံးမှ တာဝန်ရှိသူများက သတင်းရလျှင် ရချင်း ထပ်မံစုံစမ်းမေးမြန်းမှု့ ပြုလုပ်ရာ ၄င်းတို့ ထဲမှ ဘိုသန်း(မြေပုံ) ၊ မောင်မောင်သန်း(မင်းပြား)၊ မျိုးခိုင်ဦး(ကော့ကရိတ်)နှင့် အောင်သိန်းလိုင်(ရန်ကုန်) ၊ တို့ မှာ အသက်ဘေးမှ ထွက်ပြေးလွတ်မြောက်ခဲ့ရကြောင်း ၊ ချင်းလေး(ထားဝယ်) နှင့် ကုလားလေး (ခေါ်) မောင်ဇော် (ညောင်လေးကန်) တို့ မှာ ပင်လယ်ထဲ၌ ပဲ့နင်းမှ ရိုက်သတ်ကာ ပစ်ချခဲ့ရကြောင်း၊ ၄င်းတို့ အားလုံးမှာ မဲဆောက်မြို့ ရှိ (ပွဲစား) ခိုင်းမင်းညှိနှင့် သန်းစိန်တို့ မှ ထိုင်းငါးဖမ်းလှေတွင် (၃)နှစ်ရောင်းစားခံရသူများဖြစ်ကြောင်း ၊ ယခုအခါ၎င်းတို့ ၏ လှေလိုက်သား ဗမာ(၂)ဦးကို ထိုင်းနိုင်ငံသား ပဲ့နင်းမှ အလိုမကျ၍ ရိုက်သတ်ကာ ပင်လယ်ပြင်အတွင်း ပစ်ချခဲ့သည်ကို မျက်မြင်တွေ့ ခဲ့ရ၍ ၄င်းတို့ ကိုလည်း ဤသို့ ဖြစ်လာမည်ကို စိုးရိမ်၍ ထွက်ပြေးလာခဲ့သည်ဖြစ်ကြောင်း ၊ စုံစမ်းသိရပါသည်။
ဆက်လက်၍ ARRC ရုံးမှ သက်ဆိုင်ရာ UNHCR နှင့် NGO ရုံးများသို့ ဆက်သွယ်သတင်းပေးပို့ မှု့ ဆောင်ရွက်ခဲ့သဖြင့် အဆိုပါ ဆာရာဝက်ပြည်နယ်ရောက် ရခိုင်(၂)ဦး နှင့် ဗမာ(၂) ဦးတို့ ကို UNHCR ၏ တရားဝင် ထိန်းသိမ်းစောင့်ရှောက်    မှု့ အောက်တွင် ရှိနေပြီးဖြစ်ပါသည်။
                                                                                                           ARRC,MALAYSIA
                                                                                                           ၂၇.၁၂.၂၀၁၂

0 comments:

Post a Comment

လစဉ်အလိုက် သတင်းများ

လာရောက် အားပီးရေ လူတိကို ကျေးဇူး အထူးတင်ဟိပါရေ

  © Blogger template On The Road by Ourblogtemplates.com 2009

Back to TOP