သတင်းလာဖတ်လာရေ သူငယ်ချင်းမိတ်ဆွေအားလုံးကို ကျေးဇူးတင်ဟိပါရေ. Powered by Blogger.

မလေးသျှား ရဲမှ ဖမ်းဆီးစစ်ဆေးမှု့ ပြုလုပ်ရာတွင် ARRC ရခိုင်ကဒ် သက်တမ်းကုန်ဆုံးနေ မှု့ တွေ့ ရှိ ARRC ရုံးမှ လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ရ

Saturday, 29 December 2012


၂၅.၁၂.၂၀၁၂ ရက်နေ့  နေ့ လည် (၁:၃၀) မိနစ်အချိန်ခန့် တွင် ပူချုန်းဂျာယာ (Puchong Jaya) မှ အမည်မဖော်လိုသူ ရဲတပ်ဖွဲ့ ဝင်တစ်ဦးက ခင်ဗျာတို့ ARRC ရုံးက ထုတ်ပေးထားတဲ့ သက်တမ်း ကုန် ဆုံးနေတဲ့ ARRC Card  ကိုင်ဆောင်ထားသူ ရခိုင်အမျိုးသမီး (၃)ယောက် ကို ဖမ်းဆီးစစ်ဆေးမှု့ ပြုလုပ် နေတယ်။ အဲဒီ Card တွေကလည်း သက်တမ်းကုန်ဆုံးနေပြီး ဒီ Card တွေအကြောင်းနဲ့ ပတ်သက်ပြီး သိချင်တယ် ဟု ARRC ရုံးကို ဖုန်းဆက်မေးမြန်းလာ၍ သိရှိရပါသည်။

ထိုအခါ ARRC ရုံးမှ တာဝန်ရှိသူ ကိုခိုင်သူစိုးမှ ARRC ရုံးသည် မလေးသျှားရှိ ရခိုင်ဒုက္ခသည် များ ကူညီ ကယ်ဆယ်ရေး ကော်မတီရုံးဖြစ်ကြောင်း UNHCR ၏ လက်အောက်ခံအဖြစ် တရားဝင် ဖွင့်လှစ်ထားရှိသော ဒုက္ခသည် ကူညီထောက်ပံ့ရေး ရုံးဖြစ်ပါကြောင်း ဤ ရုံးမှ ရခိုင်ဒုက္ခသည်များအား သွားလာနေထိုင်ရာတွင် အထောက်အကူဖြစ်စေရေးအတွက် Community Card များထုတ်ပေးလျှက်ရှိပါကြောင်း ယခု သက်တမ်း ကုန်ဆုံးနေ သည်ဟုတွေ့ ရှိနေခြင်းမှာလည်း ၄င်းကာယကံရှင်များကိုယ်တိုင် ရုံးသို့ လာရောက်ပြီး ကဒ်အသစ် လဲလှယ်ရမည်ဖြစ်ပါကြောင်း ဖမ်းဆီးခံသူများမှာလည်း အမျိုးသမီးများဖြစ်နေ၍ ရဲတပ်ဖွဲ့ အနေ  ဖြင့် တက်အားသမျှ ကူညီပေးပါရန် မေတ္တာရပ်ခံ အပ်ပါကြောင်း ထိုက်သလိုကျေးဇူးဆပ်မှု့ များလည်း တုန့် ပြန်မှု့ များလည်းပြုလုပ်ပေးမည့်ဖြစ်ပါကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့ရပါသည်။
ထိုသို့ ပြောကြားပြီး (၂) နာရီခန့် အကြာတွင် ဖမ်းဆီးစစ်ဆေးမေးမြန်းခံရသူ ကာယကံရှင် ကိုယ်တိုင် မကြည်သန်း၏ ဖုန်းဆက်ပြောကြားချက်အရ ၄င်းတို့ ရခိုင်အမျိုးသမီး (၃)ဦး တို့ မှာ မလေးသျှား ရဲတပ်ဖွဲ့ ဝင်များ၏ ဖမ်းဆီးစစ်ဆေးမှု့ များမှ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း ငွေကြေးတစ်စုံတစ်ရာမှ လဘ်ပေးခဲ့ရခြင်းမရှိပါကြောင်း ရဲတပ်ဖွဲ့ ဝင်များကိုယ်တိုင် ARRC ကဒ် အသစ် လဲလှယ်ထားရန် လိုအပ်နေသည်ကို ပြောကြားခဲ့ကြောင်း မကြည်သန်းက ARRC ရုံးကို ပြောကြားလားပါသည်။
သို့ နှင့် မလေးသျှားရောက် ရခိုင်လူမျိုးများ အားလုံး အနေဖြင့် ရခိုင်အမျိုးသားကဒ် ARRC Card ကို ရခိုင်လူမျိုးတိုင်း ကိုယ်စီ  ကိုင်ဆောင်ထားရှိရန် လိုအပ်နေပြီဖြစ်ကြောင်း သက်တမ်းကုန်ဆုံးနေသည့် ရခိုင်ကဒ်များကိုလည်း သက်တမ်းတိုးမြှင့်နိုင်ရေးအတွက် ARRC ရုံး ကော်လာလန်ပူမြို့ သို့ လာရောက်ပြီး ကဒ်အသစ်လဲလှယ် ကိုင်ဆောင်ရန် လိုအပ်ပါကြောင်း မလေးသျှားရောက် ရခိုင်လူမျိုးများအားလုံးကို သိရှိနိုင်ရန် ဖော်ပါအပ်ပါသည်။


                                                   မကြည်သန်း ပုံ

                                                                                            ARRC-MALAYSIA

0 comments:

Post a Comment

လစဉ်အလိုက် သတင်းများ

လာရောက် အားပီးရေ လူတိကို ကျေးဇူး အထူးတင်ဟိပါရေ

  © Blogger template On The Road by Ourblogtemplates.com 2009

Back to TOP