ARRC,Malaysia ရခိုင်ဒုက္ခသည်များ ကယ်ဆယ်ရေး ကော်မတီရုံးမှ ကျန်းမာရေး ကူညီစောင့်ရှောက်ပေး မှု့ များ ဆောက်ရွက်လျှက်ရှိ
Saturday, 29 December 2012
ARRC,Malaysia ရုံးသည် Jalan Hang Kasturi 50050 Kuala
Lumpur, Malaysia တွင်တည်ရှိပြီး ရခိုင် ဒုက္ခ သည်များ၏ ကိစ္စအဝဝကို ကူညီဆောင်ရွက်ပေးလျှက်ရှိသော
UNHCR ရုံး၏ အသိအမှတ်ပြု လူမှု့  ကယ် ဆယ်ရေး ရုံးတစ်ရုံးဖြစ်ပါသည်။ UNHCR နှင့်ဆက်သွယ်ရန်
ရောက်ရှိလာသည့် ရခိုင် လူမျိုး ဒုက္ခ သည် များ၏ အခက်အခဲများကို ကူညီဆောင်ရွက်မှု့ ပေးသည့်အပြင်
မလေးသျှားရောက် ဘဝတူ တိုင်းရင်း သားများ၏ ကျန်းမာရေးအခက် အခဲများ ကို လည်း ကူညီဆောင်ရွက်ပေးလျှက်ရှိပါသည်။
ဤရုံးသို့ လာရောက်ပြီး သတင်းပို့ လာသော ကျန်းမာရေးချို့ တဲ့သည်
့ဒုက္ခသည်များကို ဤရုံး၏ ကျန်း မာရေး တာ ဝန်ခံများ ဖြစ်ကြသေည့် ကိုမောင်အေးနု၊ ကိုရန်စိုးနိုင်တို
့မှသက်ဆိုင်ရာ ဆေးရုံး၊ ဆေးခန်း များ သို့ လိုက်လံပို့ ဆောင် ပေးပြီး၊ ကျန်းမာရေး ကူညီစောင့်ရှောက်ပေး မှု
့များပြုလုပ် ဆောင်ရွက် လျှက် ရှိပါသည်။ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလအတွင်း ကျန်းမာရေး ကူညီဆောင်ရွက်ပေးခဲ့ရသော
လူနာများမှာ စုစုပေါင်း (၅၁) ဦးဖြစ်ပြီး . ကျား(၄၀)ဦး နှင့် မ (၁၀) ဦး ဖြစ်ပါသည်။
ဤရုံးမှ လူနာ၏ရော ဂါအခြေ အနေ အပေါ်မူတည်၍ ဆက်သွယ်ဆောင်ရွက်ပေးသည့် ဆေးရုံး၊ ဆေးခန်းများမှာ
အောက်ပါအတိုင်းဖြစ်ပါသည်။
(1)General Hospital (K.L) (Chowkit)
(2) A Call to Serve
(ACTS)
(3) IPR Hospital
(4) Sedang Hospital
(5) Health Equities International (HEI)
(6) Tenaganita
(7) Tzu-Chi Foundation
(8) Sugai Buloh Hospital
(9) Perch (2) (HIV Health Care)
(10) Satosa Hospital
(11) Tawaka Hospital
(12) Ampang Hospital
(13) Kalang Hospital
မလေးသျှားရောက် မြန်မာတိုင်းရင်းသားများအနေဖြင့် ကျန်းမာရေး ချို့ တဲ့ မှု့ များ ရှိလာပါက ဆေးရုံ ၊ဆေးခန်းများနှင့် ဆက်သွယ်နိုင်ရေးအတွက် ARRC, Malaysia ရုံးမှ ကျန်းမာရေး အကျိုးဆောင်ရွက်မှု့ များ
ပြုလုပ်လျှက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
မလေးသျှားရောက် မြန်မာတိုင်းရင်းသားများအနေဖြင့် ကျန်းမာရေး ချို့ တဲ့ မှု့ များ ရှိလာပါက ဆေးရုံ ၊ဆေးခန်းများနှင့် ဆက်သွယ်နိုင်ရေးအတွက် ARRC, Malaysia ရုံးမှ ကျန်းမာရေး အကျိုးဆောင်ရွက်မှု့ များ
ပြုလုပ်လျှက်ရှိပါကြောင်း သတင်းကောင်း ပါးအပ်ပါသည်။
1 comments:
ဒေပိုင် လူမျိုးရေးကို ချီးမြှောက်ခြင်းသည် ကောင်းမြတ်သောမင်္ဂလာပါ
Post a Comment