လန်ကန်း ထိန်းသိမ်းရေးစခန်း ( Langeng Camp ) မှ ရခိုင်သူတစ်ဦး ပြန်လည်လွတ်မြောက်လာမှု့ နှင့် Camp အတွင်း ဖြစ်ပျက်နေမှု့ သတင်းအတိုအတွာ
Saturday, 29 December 2012
မလေးသျှားနိုင်ငံ လန်ကန်း ထိန်းသိမ်းရေးစခန်း ( Langeng
Camp ) တွင် တရားဝင် စာရွက်စာတမ်းမရှိသည့် အ မှု့ ဖြင့် ထိန်းသိမ်း မှု့ ခံနေရသော ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို
့နယ် မက္ကလာကျေးရွာမှ မခင်သန်းမေ သည် UNHCR ၏ ကူညီထောက်ပံ့ရေး အစီအစဉ်ဖြင့် (၂၇.၁၂.၂၀၁၂)
ရက်နေ့ တွင် အဆိုပါ ထိန်းသိမ်းရေး စခန်းမှ ပြန်လည် လွတ်မြောက်လာခဲ့ကြောင်း အီပိုးနယ်မြေ
ARRC ရုံးတာဝန်ခံ ဦးဘအောင်၏ သတင်းပေးပို့ ချက်အရ သိရှိရပါသည်။
အဆိုပါ မခင်သန်းမေ မှ Camp အတွင်း ဖမ်းဆီးချုပ်နှောင်ခံနေရစဉ်အတွင်း
၎င်းကိုယ်တိုင်တွေ့ ကြုံရသည့် Camp အတွင်း
ဖြစ်ပျက်နေမှု့ အခြေနေကို အောက်ပါအတိုင်းပြောပြသိရပါသည်။
ကျမ Camp အတွင်း ရှိနေတုန်း မြန်မာလူမျိုး (၂၀၀) ကျော်ခန်
့ဖမ်းဆီးချုပ်နှောင်ခံနေရတာတွေ တွေ့ ခဲ့ရ ပါတယ်။ အဲဒီအထဲမှာ ရခိုင်အမျိုးသား (၄) ယောက်နဲ
့ရခိုင်အမျိုးသမီး (၂)ဦး(ကျမအပါဝင်) ရှိပါတယ်။ အများစုမှာ ဘင်္ဂလီလူမျိုးများဖြစ်ကြပါတယ်။
ယင်းအထဲက UNHCR မှ လာရောက်စစ်ဆေးမှု့ (အင်တာဗျူး) ပြုလုပ်လာတဲ့အခါ ရခိုင်မျိုးတွေကို
အင်တာဗျူးမပြုလုပ်ဘဲ ဘင်္ဂလီလူမျိုးများကိုသာ ဦးစားပေး မေးမြန်းနေတာတွေကို တွေ့ ခဲ့
ဖူးရပါတယ်။ အချို့ အမျိုးသမီး ဘင်္ဂလီလူမျိုးများမှာ ရခိုင်အမျိုးသမီး ဟု အမည်ခံကာ ယူအန်အင်တာဗျူးရာတွင်
တွေ့ ခဲ့ရပုံတွေကို ကြည့်ပြီး မခံမရပ်နိုင်အောင် ဖြစ်ခဲ့ရပါတယ်။ အဲဒီအထဲမှာ စိတ်မကောင်းစရာတစ်ခု
ကတော့  ရခိုင်သူလေး တစ်ယောက် မူးယစ်ဆေးဝါး သုံးစွဲနေတာတစ်ခုပါဘဲ။
ဖော်ပြပါသတင်းအတိုအတွာအရ မလေးသျှားရောက် ရခိုင်ဒုက္ခသည်များအနေဖြင့်
သံဝေဂတရား ရရှိစေဖို့ ၊ ကိုယ့်လူမျိုးအချင်းချင်း လက်ချင်းဆက်ကာ သွေးစည်းညီညွတ်ဖို
့၊ သွားလာနေတိုင်ရာတွင် သတိမပြတ်ထားစေ
ဖို့ ရည် ရွယ်ရင်း သတင်းစကားပါးလိုက်ရပါတယ်။
ရခိုင်အမျိုးသမီးတစ်ဦးလွတ်မြောက်လာခြင်း
ပုံ
၂၇.၁၂.၂၀၁၂
ARRC-MALAYSIA
0 comments:
Post a Comment