ထိုင်းလှေလိုက်သား ဗမာ(၂)ဦး ထိုင်းပင်လယ်ပြင်တွင် အသတ်ခံရ ရခိုင်(၂)ဦး နှင့် ဗမာ(၂)ဦး Sarawak ကမ်းခြေတွင် ထွက်ပြေးလွတ်မြောက်
Sunday, 30 December 2012
သပြာကျွန်းမှ တရားခံများကို ယခုအချိန်ထိ ဖမ်းဆီးအရေးယူမှုမရှိသေးဟု ဒေသခံများပြော | ||||
|
ပေါက်တောမြို့နယ် စိုင်းတုတ်ကျေးရွာမှ မောင်တင်အောင်မြင့်နှင့် မောင်ကျော်သန်းစိုးကို အကြမ်းဖက်ရိုက်ပုတ်သွားခဲ့သော သပြာကျွန်းမှ တရားခံများကို သက်ဆိုင်ရာအာဏာပိုင်များက ယခုအချိန်ထိ ဖမ်းဆီးအရေးယူမှုမရှိသေးကြောင်း ဒေသခံများပြောဆိုချက်များအရ သတင်းရရှိသည်။ ယမန်နေ့ နံနက်ပိုင်းတွင် သက်ဆိုင်ရာရဲများက အကြမ်းဖက်ရိုက်ပုဒ်ခံရသည့် လူနာနှစ်ဦးကို အခင်းဖြစ်ပွားရာနေရာထံ တရားခံများကို ဖမ်းမည့်ပုံစံဖြင့်ခ်ါသွားပြီး ယခုအချိန်ထိ တရားခံဘင်္ဂလီများကို ဖမ်းဆီးအရေးယူခြင်းမရှိသည်ကို စိုင်းတုတ်ကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ |
၂၂၈ နှစ်မြောက် ရခိုင့်နိုင်ငံအချုပ်အခြာ အာဏာကျဆုံးသည့်နေ့ အောက်မိဖွယ်အခမ်းအနားကို မလေးရှား
နိုင်ငံရှိ ရခိုင့်အဖွဲ့ စည်းများဖြစ်ကြသော MAO, ALP မလေးရှားဌာနခွဲ,ALD မလေးရှားဌာနခွဲ AA,ARRC,
MASYC,နှင့် မြို့ နယ်အသင်းအဖွဲ့ စည်းများမှ ၃၀.၁၂.၂၀၁၂ တနင်္ဂနွေနေ့တွင် LIGHT HOUSE EDUCATION CANTER ,PUCHONG ,ကလေးသူငယ်များစာသင်ကျောင်းတွင်စည်ကားသိုက်မြိုက်
စွာကျင်းပလားမည်ဖြစ်ပါသည်။ မနက်ပိုင်းမှာ ဆရာတော်သံဃာတော်များပင့်ဖိတ်ကာ ဆွမ်းခဲဖွယ် လှူဖွယ်
ဝတ္ထုများဆက်ကပ်ပြီးအမျှအတမ်းပေးဝေကာ အခမ်းအနားကို ရခိုင်စည်တော်များတီး၍ဖွင့်လှစ်ပြီးသဘာပ
တိ လူကြီးမင်းများနှင့်အဖွဲ့အစည်းခေါင်းဆောင်များမှ ရခိုင်ပြည်နောက်ခံသမိုင်းကြောင်းများနှင့်မျက်မှောက်
ကာလ ရခိုင်ပြည်အခြေအနေများကို ဟောကြားလားမည်ဖြစ်ပြီး အခမ်းအနားကို ညနေ ၅ နာရီအချိန်တွင်
ပြီးဆုံးသွားမည်ဖြစ်ပါသည်။ သို့ဖြစ်ပါ၍ မလေးရှာရှိ ရခိုင်သူ ရခိုင်သားများအားအခမ်းအနားတက်ရောက်
ကြပါရန် လေးစားစွာ အသိပေးဖိတ်ကြားအပ်ပါသည်။ ဆက်သွယ်ရန်ဖုန်းနံပါတ်ကိုစိုးသန်း ၀၁၄၉၇၂၃၈၀၅
ရခိုင်ပြည် ရသေ့တောင်မြို့ နယ်ကပ်ချောင်းကျေားရွာနေ (ဘ) ဦးသိန်းထွန်း (မိ) ဒေါ်စိုးမ၏သားသ္မီးသုံး
ယောက်အနက် အငယ်ဆုံးသား ကျော်ဋ္ဌေးနိုင်သည်။ Kalng Kapar 8 မိုင် သစ်စက်ရုံတစ်ခုတွင်အလုပ်
လုပ်နေစဉ် ၁၆.၁၂.၂၀၁၂ နေ့ မနက်အစောကြီး ရှစ်နာရီအချိန်မှာ ရေချိုးရင်းနဲ့နှလုံးရပ်ပြီး ရုတ်တရက်
ကွယ်လွန်သွားခဲ့တယ်။ အေဒီရုပ်အလောင်းကို ARRC ရုံးမှဦးဆောင်ပြီး KlangှSimpan Lema သခိင်္ျုင်းမှာ မီးသဂြိင်္ုလ်ခဲ့ပါတယ်။
မင်းပြားမြို့ နယ်ကမ်းနီကျေးရွနေ (ဘ) ဦးထွန်းစိန်အောင် (မိ) ဒေါ်မ၏သားသ္မီးငါးယောက်အနက် ကိုကျော်
ဋ္ဌေးသည်အငယ်ဆုံးသားဖြစ်သည်။၎င်းသူသည် အီပိုးစားသောက်ဆိုင်မှာအလုပ်လုပ်နေစဉ် ၀၃.၁၁.၂၀၁၂
နေ့အရက်နည်းနည်းသောက်ပြီးတော့ သူအိပ်တဲ့အချိန်မှာ ပင်ကာ အသကုန်ဖွင့်ပြီးအိပ်ပျော်သွားခဲ့ရာမှမနက်စောစော လေးနာရီလောက်မှာ အအေးပတ်ပြီးသေဆုံးသွားခဲ့တယ်။
မင်းပြားမြို့ ဈေးဟောင်းပိုင်းက (ဘ) ဦးထွန်းမောင် (ကွယ်လွန်) (မိ) ဒေါ်မခင်နု၏သားသ္မီးသုံးယောက်
အနက် အကြီးဆုံးသား Khin Maung Than UN ID NO. HCRPK9001-73 ကိုင်ဆောင်ထားသူသည်
စကေးကျန်းမြို့ တရုတ်သူဋ္ဌေးတစ်ယောက်ထံတွင်နေ့စားအလုပ်ဝင်လုပ်နေစဉ် မတော်တဆ ဂရန်းတာ
ဓါးသွားပြုတ်ထွက်လာပြီးခြေထောက်ဒါဏ်ရာရသွားပါတယ်။ ၄င်းဒါဏ်ရာကို Sungai Buloh Hospital
တွင် ဆေးကုသမှုခံယူလျှက်ရှိပါတယ်။ ဒီအမှုကို Arakan Refugee Relief Committee မှအစွမ်းကုန်
ကူညီဖြေရှင်းလျှက်ရှိပါတယ်။ 26.12.2012
ထွန်းထွန်း
----------
RNDP ခေါ် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ၏ ပထမ အကြိမ် ညီလာခံ
ကျင်းပနေချိန်တွင် ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် (ဂျပန်ဌာနခွဲ) မှ ရခိုင်
ပါတီကြီး နှစ်ခု ဖြစ်သော ALDနှင့် RNDP ပါတီနှစ်ခု ပေါင်းစည်းရန်
တောင်းဆိုလိုက်သည်။
နိုင်မင်း UN ID NO.354-12C01187, စိုးဝင်း UN ID NO.354-10C10148 နန့် ရွှေတိုး UN ID NO.354-10C12008 သည် Klang မှာ အလုပ်လုပ်နီစိုင် 08.12.2012 နိန့် ရဲ၏ဖမ်းဆီးခြင်းခံရပြီး Shah
Alam Section 9 ရဲစခန်းမှာချုပ်နှောင်ခံနီရသည်ကို ARRC Refugee Relief
Committee ၏အကူအညီနန့် 24.12.2012 နိန့် ည 5 PM
အချိန်တွင်လွတ်မြောက်လားပါရေ။
မောင်အေး
-----------
ဘင်္ဂလား- မြန်မာ နှစ်နိုင်ငံကြား လေကြောင်း ပျံသန်းမူကို မကြာမီ စတင်တော့မည် ဖြစ်သည်။
" အခု စီစဉ်မူတွေက နောက်ဆုံး အဆင့်ကို ရောက်ရှိနေပါပြီ။ မကြာမီ ပျံသန်းမူ
စတင်နိုင်တော့မှာ ဖြစ်ပါတယ်" ဟု ဘင်္ဂလာဒေ့ခ်ျနိုင်ငံ လေကြောင်းဝန်ကြီး အမ်-
ဖါရုဒ်ခန်မှ ယမန်နေ့က ပြောဆိုသည်။
မောင်အေး
-----------
ရခိုင်ပြည်နယ် သံတွဲတွင် ယနေ့ မော်တော်ကား တစ်စီး မတော်တဆ တိမ်းမှောက်၍ လူ ၈ ဦး သေဆုံး သွားကြောင်း သတင်း ရရှိသည်။
© Blogger template On The Road by Ourblogtemplates.com 2009
Back to TOP