ရခိုင်ကမ်းရိုးတန်းတွင် ဆူနာမီ သတိပေးမူ ပြုလုပ်ခဲ့
Wednesday, 18 April 2012
ယမန်နေ့က လူပ်ခတ်ခဲ့သော အင်ဒိုနီးရှား ငလျင်ကြောင့် ဆူနာမီ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးမူများ ထွက်ပေါ်လာပြီးနောက် ရခိုင်ကမ်းရိုးတန်း တလျှောက်တွင်လည်း ဆူနာမီ သတိပေးမူများ ပြုလုပ်ခဲ့သည်။
(ဆူနာမီ သတိပေးမူကြောင့် မနေ့က စစ်တွေ ပွိုင့်ကမ်းခြေသို့ လာရောက် လည်ပတ်သူ နည်းပါးခဲ့သည်။)
" ကျွန်တော်တို့ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့က ပြန်ကြားရေးဌာနကို ဆူနာမီ သတိပေးမူတွေ ပြုလုပ်ဖို့ တာဝန် ပေးအပ်ခဲ့ပါတယ်။ စစ်တွေမြို့ အပါအ၀င် လက်လှမ်းမှီတဲ့ ပင်လယ်ကမ်းနား တလျှောက်တည် ရှိတဲ့ မြို့တွေမှာ ဆူနာမိ သတိပေးမူတွေ ပြုလုပ်ခဲ့ပါတယ်" ဟု ရခိုင်ပြည်နယ် လျှပ်စစ်နှင့် စက်မူ ၀န်ကြီး ဦးသာလူချေက ပြောသည်။ ယမန်နေ့ ညနေပိုင်းက ရခိုင်ပြည်နယ် အစိုးရ ၀န်ကြီးများ ဆူနာမီ သတင်းကြောင့် အရေးပေါ် အစည်းအဝေး ခေါ်ယူခဲ့ပြီး စစ်တွေပင်လယ်ကမ်းခြေဒေသများကိုလည်း သွားရောက် စစ်ဆေးမူများ ပြုလုပ်ခဲ့ကြောင်း သူက ပြောသည်။
" အဓိကတော့ စစ်တွေမှာ ငါးဖမ်းလှေတွေ၊ မော်တော်ဘုတ်တွေကို ပင်လယ်ထဲ မထွက်ဖို့ သတိပေးခဲ့သလို လူတွေကိုလည်း ပင်လယ်ကမ်းနားတွေကို မသွားဖို့ သတိပေးမူတွေ ပြုလုပ်ခဲ့ပါတယ်" ဟု သူက ပြောသည်။
ယမန်နေ့က အင်ဒိုးနီးရှားတွင် ငလျင် လူပ်ခတ်မူနှင့် အတူ သံတွဲ ငပလီကမ်းခြေမှ ၁၀ မိုင် အကွာတွင် တည်ရှိသော နံ့သာကျွန်းမှ မီးတောင်ငယ် တစ်လုံးမှာလည်း အကြိမ်ပေါင်းများစွာ ပေါက်ကွဲခဲ့သည်။
" ကျွန်မတို့ဆီမှာလည်း ငလျင်က နှစ်ကြိမ်တိုင်တိုင် လူပ်ခတ်ခဲ့ပါတယ်။ ညနေ ၃နာရီ ၁၃ မိနစ်မှာ တစ်ကြိမ် ၁၄ မိနစ်မှာ တခါ ထပ်လှုပ်တယ်။ ငပလီက နေ ၁၅ မိုင်ဝေးတဲ့ နံသာကျွန်းမှာ မီးတောင်ပေါက်တယ်လို့ ပြောတယ် " ဟု သံတွဲမြို့ခံ အမျိုးသမီး တစ်ဦးက ပြောသည်။
စစ်တွေတွင်လည်း ဆူနာမီ ဖြစ်ပေါ်မည် ဆိုသော သတင်းများကြောင့် လူအများ စိုးရိမ်ထိတ်လန့်ခဲ့ကြပြီး ပင်လယ်ကမ်းခြေဘက်သို့ အပန်းဖြေရန် သွားရောက်မူကို ရှောင်ရှားခဲ့ကြသည်ဟု မောလိပ်ရပ်ကွက်မှ လူငယ် တစ်ဦးက ပြောသည်။
အင်ဒိုနီးရှားနိုင်ငံ တွင် ဖြစ်ပေါ်ခဲ့သော ငလျင်သည် နိုင်ငံ၏ မြောက်ဆူမတြာကျွန်း အနောက်တောင်ဖက် ပင်လယ်ပြင် အောက်ခံမြေပြင်ပေါ်တွင် ဖြစ်ပေါ်ခဲ့ခြင်း ဖြစ်ပြီး အင်အား ရစ်ချက်စတာ စကေး (၈.၇)ပြင်းထန်သည်ဟု သိရသည်။
ရေအောက်တွင် လူပ်ခတ်သော အင်အားပြင်း ငလျင် ဖြစ်သဖြင့် ဆူနာမီသတိ ပေးချက် များ ထွက်ပေါ်ခဲ့ပြီး မြန်မာ၊ ထိုင်း၊ အိန္ဒိယ၊ ဘင်္ဂလာဒေခ်ျ့၊ သီရိလင်္ကာစသည့် နိုင်ငံများတွင် ဆူနာမီ သတိပေးမူများကို ထုတ်ပြန်ထာခဲ့းကြောင်း သိရှိရသည်။
ယခုကဲ့သို့ ငလျှင်လှုပ်ခတ်မှုကြောင့် ရခိုင်ကမ်းရိုးတန်းသို့ ဆူနာမီလာနိုင်သည့် အခြေအနေရှိကြောင်း မိုးလေ၀ါသနှင့် ဇလဗေဒ ဌာနမှ ယမန်နေ့က သတိပေး ထုတ်ပြန်ခဲ့သည်။
နောက်ပိုင်းတွင် အိန္ဒိယ သမုဒ္ဒရာ အတွင်း ဆူနာမီ ဖြစ်ပေါ်ရန် အခြေအနေမရှိတော့ကြောင့် အမေရိကန် ပစိဖိတ် ဆူနာမီ သတိပေးရေးဌာနက သတင်း ထုတ်ပြန်ကျေညာခဲ့သည်။
Take by Narinjara
0 comments:
Post a Comment