သတင်းလာဖတ်လာရေ သူငယ်ချင်းမိတ်ဆွေအားလုံးကို ကျေးဇူးတင်ဟိပါရေ. Powered by Blogger.

ထုတ်ပြန်ကြေငြာချက်

Thursday, 26 January 2012

Arakan Refugee Relief Committee


ရခိုင်ဒုက္ခသည် ( ၃ ) ရုံးကို ဇူလှိုင်လ ( ၃၁ ) ရက်နိန့် တွင် လူထု ဆန္ဒအရ ပေါင်းစည်းလိုက်ပြီး ARRC-MALAYSIA ဆိုရေ နာမည်နန့်  မလေးသျှား ဟိ ရခိုင်ဒုက္ခသည် ကယ်ဆယ်ရေး တစ်ရုံးတည်းအဖြစ် ပေါင်းစည်းနိုင်ခဲ့ပါသည်။ ၄င်းရုံး၏အမှု့ ဆောင်ကို ရွီးချယ်ရန်အတွက် နီးကပ်သောအချိန်ဖြစ်သောကြောင့် ယာယီညီလာခံကို 4.9.2011 တွင် အရေးပေါ် ကျင်းပ ခဲ့ရ ပါသည်။
ARRC-MALAYSIA ရုံး ကို Pasar Sini အယင်ရုံးဟောင်းနိန် ရာ ၌အတည်ပြုသတ်မှတ်ပြီး အချိန်ပြည့်အမှု့ ဆောင်များ ကိုလည်း အတည်ပြု သတ်မှတ်ရန်အတွက် အဂုတခါ 23.1.2012 တွင် အတည်ပြုညီလာခံကို အောင်မြင်စွာ နန့် ကျင်းပ နိုင်ခဲ့ပါသည်။ အတည်ပြု ညီလာခံတွင် ဒီမိုကရေစီ နည်းကျရန် မလေးသျှားဟိ အရေးပါသော ကော်မတီရုံးများ ၊ မြို့ နယ်အသင်းများ ၊ အကြည်ညိုခံ တသီးပုဂ္ဂလ များနန့် လူထုကိုယ်စား ရွီးကောက် ကော်မရှင်ကို ဖွဲ့ စည်း ခဲ့ပါသည်။
ARRC-MALAYSIA အလုပ်အမှု့ ဆောင် ရွီးချယ်ပွဲ ညီလာခံကို ၄င်းကော်မတီမှ ကြီးမှူးကျင်းပပြီး လွတ်လပ် တရားမျှတသော ရွီးချယ်မှု့ ဖြင့် လူထုက ဆန္ဒဟိသည့်အတိုင်း အမှု့ ဆောင်ဟောင်းများ နန့် အတူ အမှု့ ဆောင် သစ် များကိုလည်း ရွီးချယ်နိုင်ခဲ့ပါသည်။ ယာယီမှ အမှု့ ဆောင်ဟောင်းများဖြစ်သော ဥက္ကဌ ကိုစိုးထွန်း ၊ ဒုဥက္ကဌ ကိုသိန်းလှိုင် အတွင်းရေးမှူးများဖြစ်သော မောင်သန်းဌေး ၊ ကိုမြင့်စိုး နန့် ကျန်းမာရေး တာဝန်ခံ ကိုပြည်သိန်း ရို့ ကို လက်ဟိ ၄င်း ရို့ နိန် ရာအတိုင်း လူထုများက ထောက်ခံပီးရေအတွက် ယခင်အတိုင်းတာဝန်များကို ဆက်ခံရဟိပါသည်။ အလုပ်အ မှု့ ဆောင်သစ်များကို ရုံးလုပ်သားများအဖြစ် ကျန်းမာရေး ကိစ္စနန့် တခြားနိန်ရာများတွင် တွဲဘက် လုပ်ကိုင်ရန် မဲပီးရွီးချယ်နိုင်ခဲ့ပါသည်။
ညီလာခံတက်ရောက်လာသော ရခိုင်လူထု ( ၄၀၀ ) ကျော်က တရားမျှတသော ရွီးကောက် ကော်မရှင်ကို လက်ခံပြီး ဖော်ပြပါ လူထုများမှ ဆန္ဒဟိသည့်အတိုင်း စိတ်တိုင်းကျ ရွီးချယ်နိုင်ခဲ့၍ တရားမျှတသော ညီလာခံမှ စစ်မှန်သော အလုပ်အမှု့ ဆောင်များကို ရဟိရေအတွက်နန့် စည်ကား သိုက်မြိုက်သော အခမ်းနား ၊ အောင်မြင်သော ညီလာခံဟု ရခိုင်လူထုသို့ ထုတ်ပြန်ကြေငြာ လိုက်ပါသည်။

ရွီးကောက် ကော်မရှင်

0 comments:

Post a Comment

လာရောက် အားပီးရေ လူတိကို ကျေးဇူး အထူးတင်ဟိပါရေ

  © Blogger template On The Road by Ourblogtemplates.com 2009

Back to TOP