သတင်းလာဖတ်လာရေ သူငယ်ချင်းမိတ်ဆွေအားလုံးကို ကျေးဇူးတင်ဟိပါရေ. Powered by Blogger.

ကျန်းမာရေး စောင့်ရှောက်မှု့ ရရှိနိုင်သောနေရာများ

Friday, 14 June 2013



Read more...

Thursday, 21 February 2013

အီပိုးမြို့ မှာ နေထိုင်ရေ ရခိုင်သုံးယောက်သည် မလေးရှားနိုင်ငံ ကော်လာလာမ်ပူမြို့ မှာရှိရေ ယူအမ်ရုံး၌
အင်တာပျူဖြေဖို့အတွက် လှိုင်းကားနန့်လိုက်ပါလာရာ ပူဒူရာယာ ကားဂိတ်ကိုရောက်၏ ။ ထိုမှတဖန် ဆာတန်းကို တက္ကဆီငှား၍လားရေအချိန်မှာ တက္ကဆီသမားက ၎င်းသုံးယောက်အား ဆာတန်းကိုမပို့ပဲ
Dangwanggi ရဲစခန်းပို့လိုက်ရာ Dangwanggi ရဲစခန်းမှ ၎င်းသုံးယောက်အား ဖမ်းဆီးလိုက်သည်။ ယင်း
အချိန်မှာ ၎င်းသုံးယောက်က ARRC ရုံးကို ဖုန်းဆက်အကြောင်းကြားလာရေအတွက် ARRC ရုံးမှ အမှုကိုင်
ရဲအရာနန့်ဆွေးနွေးပြီး အဖမ်းခံနီရရေ ရခိုင်သုံးယောက်ကို အချုပ်ခန်းထဲမှလွတ်မြောက်အောင် ထုတ်ပီးနိုင်
ခပါရေ။

Read more...

တရုတ်နှစ်သစ်ကူး ကာလအတွင်း အပျော်ကြူးလွန်၍ မြန်မာ ဝီစကီ အရက်သောက်သုံးကြရာမှ အဆိပ်အတောက်ဖြစ်ပြီး ရခိုင်(၃) ဦး ၊ ဗမာ တစ်ဦး၊ မလေး ဆာဘား တစ်ဦး အသက်ဆုံးရှုံးခဲ့ရ၊ မြန်မာ နှစ်ဦးမှာ အရေးပေါ် ဆေးကုသ ခံနေရခြင်း။

Saturday, 16 February 2013










မကြာသေးမီရက်အနည်းငယ်က ကျရောက်ခဲ့သော တရုတ်နှစ်သစ်ကူး ကာလအတွင်း မလေးသျှား နိုင်ငံ စာတန်း (Serdang) ၌ ရခိုင်လူမျိုး သူငယ်ချင်း(၃)ယောက်မှာ အပျော်လွန်ကြူး၍ မြန်မာနိုင်ငံမှ တင်သွင်းသည့် (Grand Royal Whisky) အမျိုးအစားအရက်အပါဝင် မျိုးစုံသော ဘီယာအရက်များကို စည်းမဲ့ကမ်းမဲ့ (၃) ရက်ဆက် တိုက် သောက်သုံးခဲ့ကြရာမှ သတိမေ့မျှောသွားခဲ့သဖြင့် စာတန်းဆေးရုံသို့ တင်ပို့ ခဲ့ရာ (၁) ဦးမှာ အရက် အဆိပ် အတောက်ဖြစ်ကာ ထို နေ့ မှာပင် သေဆုံးသွားခဲ့ပြီး နောက်ထပ် (၂)ရက်ခန့် အကြာ ကျန်(၂)ဦးမှာလည်း ဆေးရုံ၌ ပင် သေဆုံးသွားခဲ့ကြောင်း သိရှိရသည်။ အဆိုပါသေဆုံးသွားသည့် သူများမှာ.

(၁) သန်းထွေး (၂၈)နှစ် (ဘ)ဦးထွန်းမောင် ၊ (မိ) ဒေါ်လှအေးနု၊ ဘူးရေမျက်ရွာ . မာန်အောင်မြို့ နယ်
(၂) ကျော်နေမင်း (ခ) ညီစိတ် (၃၂) နှစ်၊ (ဘ)ဦးကျော်စိန် (မိ) ဒေါ်တင်ရွှေ. ကျွဲခတ်ပြားရွာ . မာန်အောင်မြို့ နယ်
(၃) ဇာနီလှိုင် (၂၉)နှစ် (ဘ) ဦးမောင်ရွေအေး. သစ်ပုံအုပ်စု၊ ကွမ်းသီးတောရွာ ၊ မာန်အောင်မြို့ နယ်
(၄) ဆာဘားလူမျိုး (၁) ဦး(အမည်မသိ)
(၅) ဗမာတစ်ဦး (အမည်မသိ)







အဆိုပါဖြစ်စဉ် အား စုံစမ်းရာ  မြန်မာဝီစကီအရက်များ ဘီယာဗူးများ ၊ ကျွဲရိုင်း(ခ) Red Bull အချိုရည်များကို မလေးသျှားနိုင်ငံအတွင်း တရားမဝင် အတုများပြုလုပ်နေကြ၍ အဆိုပါ အရက်၊ဘီယာ အချိုရည်အတုများကို သောက်သုံးမိကြရာမှ အဆိပ်အတောက် ဖြစ်ကာ သေဆုံးခဲ့ရကြောင်း
ကျန်နှစ်ဦးမှာ ဆေးရုံ၌ပင် အခြေနေဆိုးရွားစွာ ဆေးကုသမှု့ ခံယူလျှက်ရှိပါသည်။ ယင်းနှစ်ဦးမှာ .
(၁) ဆာတန်း ဆေးရုံ၌ မြန်မာတစ်ဦး အရေးပေါ်လူနာအဖြစ် ဆေးကုသခံယူလျှက်ရှိပြီး ၊
(၂) ရခိုင်တစ်ဦး ကွာလာလန်ပူဆေးရုံ၌ မျက်လုံး ကွယ်သွားကာ ဆေးကုသခံယူလျှက်ရှိပါသည်။
သို့ ဖြစ်ပါ၍ မလေးသျှားရောက် မြန်မာများအနေဖြင့် အပျော်ကြူးလွန်၍ အရက်သောက်သုံးကြရာတွင်လည်း အရက်၊ဘီယာ အချိုရည်များကို အစစ်၊ အတု၊ အပ ခွဲခြား၍လည်းကောင်း သတ်မှတ်ရက်လွန် (Expired Date) ကို ကြည်ရှု့ စစ်ဆေး၍ လည်းကောင်း ၊ ဆင်ခြင်သုံးသပ်ပြီးမှ သောက်သုံးသင့်ကြောင်း ဖော်ပြအပ်ပါသည်။
                                                                                
    ARRC-Malaysia

Read more...

ARRC,Malaysia၏ဒုတိယအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေညီလာခံ ကျင်းပ နိုင်ရေးအတွက် နိုးဆော်ခြင်း

Saturday, 5 January 2013


ARRC,Malaysia၏ဒုတိယအကြိမ်မြောက်နှစ်ပတ်လည်အထွေထွေညီလာခံ                    ကျင်းပ နိုင်ရေးအတွက် နိုးဆော်ခြင်း
                                                                                                        ရက်စွဲ. ၅.၁.၂၀၁၃
          ARRC, Malaysia သည် No,52 Jalan Hang Kasturi 50050 Kuala Lumpur, Malaysia တွင်တည်ရှိပြီး မလေးရှားနိုင်ငံရောက် ရခိုင်လူမျိုးများ၏ နိစ္စဓူဝ ကြုံတွိ့ နိန်ကြသော ကျန်းမာရေး၊ ပညာရေး၊ လူမှု ရေး၊ နာရေး အလုပ်အကိုင်ရှာဖွီပီးရေးနှင့် လူမှု ဘဝ အကာအကွယ်ရရှိရေးစသည့် လူမှု အခက်အခဲကိစ္စအဝဝကို မိမိရို့၏ ကာယစွမ်းအား၊ ဥာဏစွမ်းအား ဟိသမျှထောက်ပံ့ကူညီစောင့်ရှောက်ပီး နိုင်ရေးအတွက် ရည်ရွယ်ပြီး ရခိုင် အမျိုး သားရေးကို အဓိက အခြေခံ၍                                   ဖွဲ့ စည်းတည်ထောင်ထားသည့် ရခိုင့်ဒုက္ခသည် အဖွဲ့ အစည်းတစ်ရပ်ဖြစ်ပါသည်။
            ယခင်က မလေးရှား နိုင်ငံတွင် ARRC(K.L)ရုံး ၊ ARRC (Puchong) ရုံး နှင့် AAR (Pudu) ရုံးဟူ၍ ရခိုင် ဒုက္ခသည်ရုံး (၃) ရုံးကွဲပြားလျှက်ဟိနိန်ခပါသည်။ ထိုအခါ အမျိုးသားစည်းလုံးညီညွတ်မှု ကို လိုလားသော မလေး ရှား ရောက် ရခိုင်ပြည်သူလူထု၏ ဆန္ဒသဘောထားနှင့် အညီ ရခိုင် ဒုက္ခသည်ရုံးများ ပူးပေါင်း ရေးဦးစီး ကော်မတီ၏ ဦးဆောင်မှု့ ဖြင့် (၃၁.၇.၂၀၁၂) ရက်နိန် ပူသျှုန်း အာသောက ရာမ ဘုန်းတော်ကြီးကျောင်း၌ ကျင်းပ ပြုလုပ်သည့် ရခိုင်ပြည်သူလူထု အစည်းအဝေး ရှေ့ မှောက်မှာ အဆိုပါရခိုင်ဒုက္ခသည် (၃)ရုံး ပူးပေါင်းရေးကို အောင်မြင်စွာ စုစည်း ဆောင်ရွက်နိုင်ခပါသည်။ ထို့ နောက် (၄.၉.၂၀၁၁) ရက် နိန့် တွင် ARRC , KL ၏ယာယီ ညီလာခံကိုလည်း ကောင်း ၊ (၂၃.၁.၂၀၁၂) ရက်နိန့် တွင် ARRC, Malaysia ၏ ပထမအကြိမ် ရခိုင်ပြည်သူလူထု အထွေထွေ ညီလာခံကို လည်း ကောင်း  အောင်မြင်စွာ ကျင်းပနိုင်ခပါသည်။
            အဂုအခါ ရခိုင်ပြည်သူလူထု တစ်ရပ်လုံး စည်းလုံးညီညွတ်မှု ရရှိလာစီရေးအတွက်လည်းကောင်း၊ ဒုက္ခပင် လယ်ဝီနိန်ကြသော ရခိုင်ဒုက္ခသည်များ၏ အရေးကို ထိရောက်အောင်မြင်စွာဆောင်ရွက်ရန်အတွက် လည်းကောင်း၊ ရည်ရွယ်၍  ARRC Malaysia ၏ နှစ်ပတ်လည် ရခိုင်ပြည်သူလူထု ညီလာခံတစ်ရပ်ကို ကျင်းပရန် အချိန်အခါသမယကျ ရောက်လာပြီ ဖြစ်ပါသည်။
            ၂၀၁၃ ခုနှစ်အတွင်း ARRC, Malaysia တွင်ပါဝင်တာဝန်ထမ်းဆောင်လို သည့် မျိုးချစ်ရခိုင် ပုဂ္ဂိုလ်များရှိပါက (၃၁.၁.၂၀၁၃) ရက်နိန့် နောက်ဆုံးထားပြီး ARRC Malaysia ရုံးသို့ လူကိုယ်တိုင်လာရောက် ပြီးလျှောက်လွှာ ဖြည့် စွက်စာရင်းပီးသွင်းကြရန် လိုအပ်ပါကြောင်းနှင့် ဖော်ပြပါ သတ်မှတ်ရက် အမှီ စာရင်းပီးသွင်းမှု မရှိသည့် လျှောက်လွှာ များ ကိုထည့်သွင်း စဉ်းစားမည်မဟုတ်ကြောင်းကိုလည်း အသိပီးအပ်ပါသည်။
            သို့ ဖြစ်ပါ၍ ARRC, Malaysia ၏  ဒုတိယအကြိမ်မြောက် နှစ်ပတ်လည် အထွေထွေညီလာခံကို (၁၀.၂.၂၀၁၃) ရက် တနင်္ဂနွီ     နိန့် တွင် နိန်ခင်းဘက် (၁၁)နာရီမှ ညဇာဘက် (၅)နာရီအထိ ( Wisma Belia Hall, No40, Jalan Syed Putra 50460 Kuala Lumpur Malaysia ) နိန်ရာ၌  ကျင်းပပြုလုပ်လားမည်ဖြစ်ပါကြောင်း ရခိုင်အဖွဲ့ အစည်း အသီး သီးနှင့် ရခိုင်ပြည်သူလူထု တရပ်လုံး သိစီရန် ထုတ်ပြန်ကြော်ငြာနှိုးဆော် အပ်ပါသည်။
ရက်စွဲ. ၂၀၁၃ ခုနှစ် ဇန်နဝါရီ ( ၅  ) ရက်
နေရာ. Kuala Lumpur, Malaysia
                                                                                                                  ရွေးကောက်ပွဲကော်မရှင်   
                                                                                                               မူဝါဒနှင်ညွန်ကြားမှု ဦးစီးကော်မတီ
                                                                                                                      ARRC , Malaysia 

Read more...
လာရောက် အားပီးရေ လူတိကို ကျေးဇူး အထူးတင်ဟိပါရေ

  © Blogger template On The Road by Ourblogtemplates.com 2009

Back to TOP